မြန် မာ နိုင် ငံ နှစ် ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ဝံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န သည် Southern Baptist Convention နှင့် မိတ် ဖက် လျက် “ ဧ ဝံ ဂေ လိ ဆ ရာ / မ များ အား သစ် လောင်း ဆွေး နွေး ပွဲ” များ ကို အ ထက် မြန် မာ ပြည် (ကျိုင်း တုံ မြို့) တွင် တစ် ကြိမ် ၊ မြေ လတ် ဒေ သ (မုံ ရွာ မြို့) တွင် တစ် ကြိမ် နှင့် အောက် မြန် မာ ပြည် ( ရန် ကုန် မြို့) တွင် တစ် ကြိမ် စု စု ပေါင်း (၃) ကြိမ် ကျင်း ပ ပြု လုပ် ရန် စီ စဉ် ထား သည့် အ တိုင်း၊ ၂၀၁၅ ခု နှစ် မတ် လ တွင် မြေ လတ် ဒေ သ ( မုံ ရွာ မြို့ ) တွင် ကျင်း ပ ပြု လုပ် ခဲ့ ပြီး ဖြစ် ပါ သည်။ ယ ခု အောက် မြန် မာ ပြည် ၌ ရှိ သော အ ဖွဲ့ ချုပ် များ အ တွက် “ဧ ဝံ ဂေ လိ ဆ ရာ/ မ များ အား သစ် လောင်း ဆွေး နွေး ပွဲ” “Evangelists Renewal Seminar ” ကို ၂၀၁၅ ခု နှစ်၊ စက် တင် ဘာ လ (၁၇) ရက် မှ (၁၉) ရက် အ ထိ ကူ ရှင် ခန်း မ ၊ မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် ၊ ရန် ကုန် မြို့ တွင် (၃) ရက် တာ ကျင်း ပ ပြု လုပ် လျက် ရှိ ပါ သည်။ အ ဆို ပါ ဆွေး နွေး ပွဲ သို့ ဖိတ် ကြား ထား သော အ ဖွဲ့ ချုပ် များ အ နက် အောက် မြန် မာ ပြည် က ချင် နှစ် ခြင်း ခ ရစ် ယာန် နယ် အ ဖွဲ့၊ မွန် နှစ် ခြင်း ခ ရစ် ယာန် အ သင်း တော် များ အ ဖွဲ့ ချုပ်၊ အ ရှို နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ်၊ တီး တိန် နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ်၊ က ရင် နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ်၊ ပိုး က ရင် နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ် နှင့် ယု ဒ သန် အ သင်း တော် ( ရန် ကုန် ) တို့ မှ ဧ ဝံ ဂေ လိ ဆ ရာ / မ စု စု ပေါင်း (၆၄) ဦး တက် ရောက် လျက် ရှိ ပါ သည်။ ယင်း ဆွေး နွေး ပွဲ ၌ SBC မှ Tom Bohnert မှ ဦး ဆောင် ပို့ ချ ပေး ပြီး၊ ဘာ သာ ပြန် အ ဖြစ် Dr. သစ် သစ် မြတ် စံ မှ ကူ ညီ ဆောင် ရွက် ပေး ပါ သည်။ ယင်း ဆွေး နွေး ပွဲ တွင် သ မ္မာ ကျမ်း စာ အား အ ခြေ ခံ သည့် သာ သ နာ ပြု ခြင်း နှင့် ဆိုင် သည့် သ မ္မာ ကျမ်း စာ ေ၀ ငှ ချက် များ အ ပြင်၊ လူ မျိုး စု နှင့် ဒေ သ န္တ ရ အ ဖွဲ့ ချုပ် များ ရှိ သာ သ နာ ကွင်း များ တွင် လတ် တ လော ရင် ဆိုင် ကြုံ တွေ့ နေ ရ သော (Issues / problems) များ၊ လွဲ မှား သော ယုံ ချက် များ အ စ ရှိ သည့် တင် ပြ ခြင်း များ၊ ယင်း ကိ စ္စ များ အ ပေါ် အ ပြန် အ လှန် မေး မြန်း တုန့် ပြန် ဆွေး နွေး ခြင်း များ နှင့် ဒေ သ အ သီး သီး နေ ရာ အ သီး သီး ၏ အ တွေ့ အ ကြုံ များ ဖယ် လှယ် ခြင်း များ ပြု လုပ် ကြ ပါ သည်။ ဆွေး နွေး ပွဲ ၏ နောက် ဆုံး ရက် ၂၀၁၅ ခု နှစ်၊ စက် တင် ဘာ လ (၁၉) ရက် ည နေ (၆) နာ ရီ တွင် “ဘာ သာ ကူး ပြောင်း ခြင်း ဆိုင် ရာ” အ ထူး ဟော ပြော ခြင်း အ စီ အ စဉ် တစ် ရပ် ကို ဒေါ် လှ လှ ရီ (Myanmar Peace Centre) မှ လာ ရောက် ဟော ပြော ရန် ရှိ ပါ သည်။ ယင်း အ စီ အ စဉ် သို့ ရန် ကုန် မြို့ ရှိ နှစ် ခြင်း အ သင်း တော် များ မှ စိတ် ပါ ဝင် စား သူ တိုင်း ပါ ဝင် တက် ရောက် ကြ ရန် ဖိတ် ခေါ် ပါ သည်။
Evangelists Renewal Seminar (Yangon) 17th to 19th, September 2015.
Evangelists Renewal Seminar (Yangon) 17th to 19th, September 2015.